သူရိန်စိုး ၂၃ မတ် ၂ဝဝ၉ - DVB
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဒေါ်ဝင်းမြမြကို အာဏာပိုင်တွေက မန္တလေး အိုးဘိုထောင်ကနေ ကချင်ပြည်နယ် မြစ်ကြီးနာထောင်ကို မနေ့က ပို့လိုက်တယ် လို့ ကြားသိရကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ပြစ်ဒဏ်ကို ကျပြီးတဲ့ အပြင်ကို နောက်ထပ် ပြစ်ဒဏ်တွေ တိုးပြီးခံရအောင် ဆောင်ရွက်သလို မိသားစုပါ အခက်အခဲပေါ့။ နောက်ထပ် ပြစ်ဒဏ် တိုးသလို ဖြစ်နေတာပေါ့။”
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလ မေတ္တာပိုကြွချီတဲ့ သံဃာတော်တွေကို ထောက်ပံ့ ကူညီခဲ့တဲ့ ဒေါ်ဝင်းမြမြ အပါအဝင် မန္တလေးတိုင်းက အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက မနှစ်က အောက်တိုဘာမှာ ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု စတဲ့အမှုတွေနဲ့ တရားစွဲပါတယ်။
ဒေါ်ဝင်းမြမြကို အိုးဘိုထောင်တွင်းမှာ ရုံးထိုင်တဲ့ အောင်မြေသာစံမြို့နယ်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ပါတယ်။
ဒေါ်ဝင်းမြမြနဲ့အတူ အရေးယူခံရသူတွေကတော့
အဖွဲ့ချုပ် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၊
တိုင်းစည်းရုံးရေး ကော်မတီဝင် ဦးကံထွန်း၊
မိတ္ထီလာမြို့နယ်က ဦးတင်ကိုကို၊
မိုးကုတ်မြို့နယ်က ဦးမင်းသူ၊
ကျောက်ပန်းတောင်းမြို့နယ်က အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုဝင်းရွှေတို့ ဖြစ်ပါတယ်။

No comments:
Post a Comment